ကာဆယ်နဲ့ ပွဲ ကွင်းထဲမှာ ယူနိုက်တက် ကစားသမား တစ်ဦးနဲ့ စကားများခဲ့သေးတဲ့ နည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ မနေ့ညတုန်းက နယူးကာဆယ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်အတွင်း အသင်း တိုက်စစ်မှုး အန်တိုနီမာရှယ်နဲ့ အငြင်းပွား စကားများနေခဲ့တာ တွေ့ရပါတယ်။ပြင်သစ်တိုက်စစ်မှူးဟာ စိန့်ဂျိမ်းစ်ပါ့ခ်ပွဲစဉ်တွင် ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်းလန်းကို ကျော်ဖြတ်ကာ ယူနိုက်တက် တိုက်စစ်ကို ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။
မန်ယူအသင်းရဲ့ ဝါရင့် တိုက်စစ်မှုး ဖြစ်တဲ့ အန်တိုနီမာရှယ်ဟာ ယခုရာသီမှာ တစ်ပွဲမျှ ပွဲချိန်ပြည့် ကစားခွင့် မရထားသူလည်း ဖြစ်ပါတယ်။နယူးကာဆယ်နှင့်ပွဲစဉ်ရဲ့ ပထမပိုင်းတွင် အဲရစ်တန်ဟက်ဟာ အန်တိုနီမာရှယ်အား လက်ဝှေ့ယမ်းပြခဲ့ပြီး အကြီးအကျယ် စိတ်ပျက်နေခဲ့တာလည်း တွေ့ရပါတယ်။ အန်တိုနီမာရှယ်က လက်နှစ်ဖက်ဆန့်ကာ ဘာမှ မလုပ်နိုင်တဲ့ ပုံစံမျိုးဖြင့် တုံပြန်ခဲ့ပါတယ်။
ယခုရာသီမှာ နည်းပြ အဲရစ်တန်ဟက်ဟာ ယူနိုက်တက်စတားများဖြစ်ကြတဲ့ ဆန်ချို၊ ဗာရန်းတို့နှင့်လည်း ပြဿနာ တက်ထားသူလည်း ဖြစ်ပါတယ်။အဲရစ်တန်ဟက်ဟာ ဒုတိယပိုင်းတွင် နယူးကာဆယ်အတွက် အန်တိုနီဂေါ်ဒွန်က အနိုင်ဂိုးသွင်းပြီး မိနစ် ၆၀ မှာ အန်တိုနီ မာရှယ်အစား ဟွိုင်းလန်းကို ထည့်သွင်းခဲ့ပါတယ်။
ဒါပေမဲ့လည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ပေါင် ၇၅ သန်းတန် တိုက်စစ်မှူးဟာလည်း ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် ပွဲအပြီးမှာ ယူနိုက်တက်တို့ ၁-ဝ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။