မန်ယူ ကို ပွဲမပြီးခင် သွားလှောင်လိုက်လို့ တန်ပြန် ခံနေရပြီ ဖြစ်တဲ့ လီဗာပူး ဂန္တဝင်ကြီး ကာရေဂါ

0

လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက ပြီးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဗီလာပွဲ ပထမပိုင်းအပြီးမှာတင် ယူနိုက်တက်ကို လှောင်ပြောင်ခဲ့လို့ အရှက်ကွဲခဲ့ရပါတယ်။ ထိုပွဲမှာ ယူနိုက်တက်က ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းမှာတင် အက်စတွန်ဗီလာဘက်က အမြင့်ဘောတွေကတစ်ဆင့် နှစ်ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါ ကြောင့်လည်း ပထမပိုင်းအပြီးမှာ ဗီလာတို့ အိုးထရက်ဖို့ဒ်မှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး အချိန်မှာပဲ ကာရေဂါက “လီဗာပူးတို့ ယူနိုက်တက်ကို အိမ်ကွင်းမှာ သရေကျခဲ့တာက ဒီရာသီမှာ လီဗာပူး အတွက် အဆိုးရွားဆုံးရလဒ်ပဲ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။ လီဗာပူးဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ဗီလာကို ယူနိုက်တက်တို့ ရှုံးနိမ့်နေချိန်မှာ ကာရေဂါက ဒီအကြောင်းကို ပြန်လည် အစဖော်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အတွက် ချေပဂိုးနှစ်ဂိုးကို ဂါနာချိုက သွင်းယူပေးခဲ့ပြီး ဟွိုင်လန်းက အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ကာရေဂါတစ်ယောက် ယူနိုက်တက်ကို လေတိုက်ထားတဲ့ စာသားသာ အဖတ်တင်ခဲ့ရပြီး ပရိသတ် တွေရဲ့ ပြန်လည်လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ကာရေဂါဟာ လီဗာပူးဂန္တဝင်ဟောင်း တစ်ယောက်ဖြစ်တာကြောင့်လည်း ယူနိုက်တက်ကို ခါးသီးပြီး အမြဲလိုလို ဝေဖန် ထိုးနှက်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed