ဒီည အဝေးကွင်းမှာ မန်ယူက ဖောရက်စ်ကို မနိုင်ဘူး အပိုင် ကြိုပြောလာတဲ့ ပေါမာဆန်ကြီးရဲ့ ပွဲကြို ဟောကိန်းထုတ်ချက်

0

မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ်မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ဒီနေ့ စနေနေ့ ည ၁၂ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ နော်တင်ဟမ် ဖောရက်စ် vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ကြိုတင် ဟောကိန်းထုတ်လာခဲ့ပါပြီ။

နော်တင်ဟမ် ဖောရက်စ်ဟာ အရင်ပွဲ နယူးကာဆယ်နဲ့ တွေ့တုန်းက ၃ မှတ်ပြည့် ယူမယ်လို့ ဘယ်သူ ကြို ထင်ခဲ့မှာလဲ။ သူတို့ အတွက်တော့ မယုံနိုင်စရာ ကောင်းမွန်လွန်းတဲ့ ရလဒ် ဖြစ်ပါတယ်။ သူတို့က မတည်ငြိမ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အတွေ့မှာလည်း နိုင်ပွဲ ရဖို့ အခွင့်ကောင်း ရှိတယ်လို့ ယူဆထားမှာပါ။
ဖောရက်စ် က အိမ်ကွင်းထက် အဝေးကွင်းဆို ပိုကောင်းတတ်တဲ့ အသင်းပါ။ ဒီတော့ ဒီပွဲက သူတို့နဲ့ အကိုက်ပဲ လို့ ကျွန်တော်တော့ မြင်တယ်။ မန်ချက်စတာ ယူနိုက်တက်မှာက မထင်တာတွေ ဖြစ်တတ်လွန်းလို့ သူတို့ပွဲဆို ခန့်မှန်းရမှာ ကျွန်တော် မုန်းပါတယ်။ သူတို့ ဘာလုပ်မလဲ မှန်းလို့ကို မရဘူး။

သူတို့ ချယ်ဆီးကို ၂-၁ နဲ့ နိုင်လို့ ပြန်လာပြီ ထင်ခဲ့ပေမယ့် ဘုန်းမောက်ကို ရှုံးတယ်၊ ဘိုင်ယန်၊ ဝက်စ်ဟမ်းတို့ကို ရှုံးတယ်၊ လီဗာပူးနဲ့ကျ သရေ တစ်မှတ် ရအောင် ယူခဲ့ပြန်တယ်။ ဒီရာသီမှာ သူတို့က လုံလောက်တဲ့ တည်ငြိမ်မှု မပြသနိုင်ဘူး။ ဒါကပဲ အဲရစ်တန်ဟက် အတွက် ပြသနာကြီး တစ်ခု ဖြစ်နေတာပါ။

ဖောရက်စ် အတွက်တော့ ဒီပွဲ သရေ ရရင်ကို ဟုတ်နေလှပါပြီ။ ဒါက ဖြစ်လာနိုင်တယ် လို့ ကျွန်တော် ထင်တယ်။

ပေါမာဆန် ခန့်မှန်းရလဒ်
နော်တင်ဟမ် ဖောရက်စ် ၁-၁ မန်ချက်စတာ ယူနိုက်တက်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed