ဂရင်းဝုဒ် ကို အပြီးသတ် ခေါ်ယူဖို့ ဂီတာဖေးက အမှန်အကန် ကမ်းလှမ်းလာတာကို ရက်ကလစ် ဘယ်လို ဆုံးဖြတ်မလဲ
မန်ချက်စတာ ယူနိုက်တက်ထံမှ အငှား ခေါ်ထားတဲ့ တိုက်စစ်ကစားသမား မေဆင်ဂရင်းဝုဒ်ကို လာလီဂါကလပ် ဂီတာဖေးက ပေါင်သန်း ၄၀ နဲ့အပြီးသတ်ခေါ်ယူဖို့ လိုလားနေပါတယ်။
နောက်ဆုံး ကစားထားတဲ့ ပွဲမှာ နိုင်ပွဲ ပြန်တွေ့ခဲ့ပေမယ့် အခုဘောလုံးရာသီ တစ်ခုလုံးစာ အတွက်ဆိုရင် ယူနိုက်တက် မှာ စိတ်ပျက်စရာတွေ ရှိနေဆဲဖြစ်ပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူကာ အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။
ဒီအတွက် ကစားသမား ရောင်းချ ရှင်းထုတ်မှုတွေလည်း ရှိလာနိုင်ပြီး ဂရင်းဝုဒ်က ဒီထဲမှာ ပါင်လာနိုင်ပါတယ်။ ဂီတာဖေး အသင်းကလည်း ယူနိုက်တက်မှ အငှားဖြင့်ခေါ်ယူထားတဲ့ ဂရင်းဝုဒ်ကို ပေါင်သန်း ၄၀ ဖြင့် အပြီးသတ် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့အတွင်း ဂီတာဖေးဆီ အငှားဖြင့် ရောက်ရှိလာတဲ့ ဂရင်းဝုဒ်က ၁၅ ပွဲကစား၊ ၅ ဂိုးသွင်း၊ ဂိုး ဖန်တီးမှုလေးကြိမ်ပြုလုပ်ကာ အထင်ကြီးလောက်စရာ ခြေစွမ်းမျိုးကို ပြသနေပါတယ်။
ယူနိုက်တက် ရှယ်ယာရှင်သစ် ဖြစ်လာတဲ့ ရက်ကလစ်ကတော့ ဂရင်းဝုဒ် ကို အသင်းထံ ပြန်ခေါ်ချင်နေပြီး ဂီတာဖေး ရဲ့ အခုလို ကမ်းလှမ်းမှု အပေါ် ၎င်းက ဘယ်လို ဆုံးဖြတ်မလဲ မသိသေးပါဘူး။
ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း အသက် ၂၂ နှစ်အရွယ် ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အရိပ် အယောင်တွေ ပြသခဲ့ပေမယ့် ဂီတာဖေးက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အင်္ဂလန်တိုက်စစ်မှူးကို အပြီးသတ် ခေါ်ယူဖို့ စိတ်အားထက်သန် နေပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ဘက်က ဂရင်းဝုဒ်ကို ဘောလုံးရာသီ ကုန်ဆုံးချိန်မှသာ အပြီးသတ်ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။