ဒီအပတ် ရှုံးပေမယ့် အရင်အပတ်က ထိပ်သီး လီဗာပူးကို သရေ ကစားခဲ့တာနော်လို့ ပြန်ပြောနေတဲ့ မန်ယူနည်းပြ တန်ဟက်

0

ပြီးခဲ့တဲ့အပတ်က အန်းဖီးမှာ လီဗာပူးကို သရေ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် မှာတော့ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ ၂-ဝ နဲ့ အရေးနိမ့် သွားပါတယ်။မနျယူနိုက်တက် နည်းပြ တန်ဟက်က ဒီည ဝက်စ်ဟမ်းနဲ့ပွဲမှာ သူ့ အသင်း ကစားပုံ လိုအပ်ချက်တွေ ရှိခဲ့တာကို ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က လိဂ်ရဲ့ ဦးဆောင်သူ လီဗာပူးကို သူတို့ ယှဉ်ကစားနိုင်ခဲ့ကြောင်းကိုလည်း လူတွေ မှတ်မိအောင် ထောက်ပြ ပြောဆိုလာပြန်ပါတယ်။

” လက်ရှိ အချိန်မှာ ကျွန်တေ်ာတို့က ထိပ်တန်း အဆင့်မှာ မရှိနေပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်ကတော့ ဒီလိဂ်ရဲ့ ထိပ်တန်း အသင်းကို ကျွန်တော်တို့ ပခုံးချင်း ယှဉ် ကစားနိုင်ခဲ့တယ်။အဲဒီပွဲမှာလည်း ဂိုး မသွင်းခဲ့ပေမယ့် ပွဲထဲမှာ အကောင်းဆုံး အခွင့်အရေးတွေတောင် ရခဲ့တာပါ။ မိနစ် ၉ဝ လုံး ကောင်းကောင်းလည်း ခံစစ် ကစားနိုင်ခဲ့တယ်။

အဲဒီလို ကစားပုံကပဲ ကျွန်တော်တို့အတွက် အမြဲတမ်း စံနှုန်းတစ်ခုလို ဖြစ်တာပါ။ အဲဒီလို ခြေစွမ်းမျိုး ပွဲတိုင်းမှာ ပြနိုင်ဖို့ လိုနေတာပေါ့ဗျာ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် ဝက်စ်ဟမ်းက ယူနိုက်တက်ကို ကျော်တက်ကာ အဆင့် ၇ နေရာ ယူလိုက်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ၈ နေရာ ကို ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed