လီဗာပူးက ခွေးရူးတွေလို မန်ချက်စတာ ယူနိုက်တက်ကို ကိုက်ခဲသွားလိမ့်မယ် ဆိုတဲ့ ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီအပတ် အန်းဖီးကွင်းမှာ ကန်မယ့် လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် စပါးနဲ့ မန်ယူ တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က ကြိုတင် သုံးသပ်ဟောကိန်းထုတ်မှုတွေ ပြုလုပ်လာပြီ ဖြစ်ပါတယ်။ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
လီဗာပူးအကြောင်းပြောရင် ဆာလာအကြောင်း ပြောရပါလိမ့်မယ်။ ခြေစွမ်း တည်ငြိမ်မှုတွေ အကြောင်းကိုလည်း ထည့်ပြောရမှာပါ။ ဆာလာဟာ လီဗာပူး ဂန္တဝင် တစ်ဦးဖြစ်ပြီး သူ့ရဲ့ လုပ်ပြနိုင်စွမ်းနဲ့ ယာဂင် ကလော့ပ်လို နည်းပြတို့ ပေါင်းစပ်လိုက်တော့ ရလဒ်ကောင်းတွေ ထွက်လာပါတယ်။
ဆာလာက လီဗာပူးအသင်းရဲ့ အဓိက ခြိမ်းခြောက်မှုပါ။ ဒါပေမယ့် လီဗာပူးမှာက ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ယူနိုက်တက်ရဲ့ အားနည်းချက်ကို ဖောက်ထွက်ဖို့ရာ ကလော့ပ်က ပါးနပ်ပါတယ်။ လီဗာပူးအသင်းက ခွေးရူးတွေလို ပွဲကို စတင်မှာဖြစ်ပြီး ယူနိုက်တက်ကို ကိုက်ခဲသွားမှာပါ၊ ပြီးရင်တော့ ဂိုးသွင်းပါလိမ့်မယ်။
ပြိုင်ဘက်က ရလဒ်လိုနေပြီး ဂိုးသွင်းဖို့ လိုအပ်တဲ့ ပွဲမျိုးဆိုရင် ယူနိုက်တက်က ဂိုးသွင်းလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲ မှာတော့ သူတို့ ဂိုးမသွင်းထားနိုင်ပါဘူး။ လီဗာပူးမှာက ဗန်ဒိုက်၊ ထရန့်နဲ့ အယ်လီဆန်လို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေပါတယ်။
ယူနိုက်တက်တို့ ဂိုးသွင်းခွင့် ပိုရလာတာမျိုးကို ကျနော် မြင်ချင်တယ်။ ယူနိုက်တက် ဂိုးရသွားစေချင်တယ်။ ဒါပေမယ့် ဒီအခြေအနေမှာ သူတို့ ဂိုးရဖို့တောင် မလွယ်လှပါဘူး။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်
လီဗာပူး ၂-ဝ မန်ချက်စတာ ယူနိုက်တက်။