ဂါလာတာစာရေး ရဲ့ ပထမ ချေပဂိုး ဟာ ယူအီးအက်ဖ်အေ စည်းမျဉ်း တစ်ခုကို ချိုးဖောက်ထားကြောင်း ထောက်ပြမှု ထွက်နေ

0

တူရကီကလပ် ဂါလာတာစာရေးဟာ မနေ့ညတုန်းက အစ္စတန်ဘူလ်မှာ မန်ချက်စတာ ယူနိုက်တက်နှင့် ၃ ဂိုးစီ သရေကျတဲ့ပွဲမှာ ပထမချေပဂိုးအား လူသိနည်းတဲ့ စည်းမျဉ်းကို ရိုက်ချိုးကာ သွင်းယူခဲ့ကြောင်း ထောက်ပြ ပြောဆိုလာကြပါတယ်။ဒါကြောင့် အချို့က ထို ချေပဂိုးကို ခွင့်မပြုသင့်ကြောင်း ပြောဆိုနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ၂-၀ ဂိုးဖြင့် ဦးဆောင်နေချိန်တွင် ဟာကမ်ဇီယက်ချ်က ဖရီးကစ်ကနေ အိမ်ရှင် အသင်းအတွက် ပထမ ချေပဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ ဂိုးပေါက်သို့ ကန်သွင်းချိန်တွင် ဂါလာတာစာရေးတိုက်စစ်မှူး မော်ရို အိုင်ကာဒီမှာ စည်းမျဉ်းဖောက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ Wall စီထားတဲ့ ဟွိုင်လန်းနှင့် ၆၁ စင်တီမီတာအကွာမှာသာ ရှိနေကြောင်း beIN SPORTS က တိုင်းတာ ဖော်ပြလာပါတယ်။

စည်းမျဉ်း ၁၃.၃ တွင် ဖော်ပြထားမှုအရ ဖရီးကစ်ချိန်တွင် တိုက်စစ်ဆင်တဲ့ အသင်းဘက်မှ ကစားသမားဟာ Wall နှင့် အနည်းဆုံး ၁ မီတာအကွာတွင် ရှိရမည်ဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် အိုင်ကာဒီဟာ ယူနိုက်တက်ရဲ့ Wall နှင့် အလွန် နီးကပ်တဲ့အနေအထားတွင် ရှိရာ ဇီယက်ချ်ရဲ့ ဖရီးကစ်ကို ခွင့်မပြုသင့်ပါဘူး။

တဖက်မှာလည်း ဂါလာတာစာရေးဟာ အိုင်ကာဒီရဲ့ ဂိုးကို အငြင်းပွားဖွယ် လူကျွံဘောအဖြစ် သတ်မှတ်လို့ ဂိုးမရခဲ့ပါဘူး။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် ဘက်ကလည်း စကော့မက်တိုမီနေးရဲ့ လက်ထိဘောကနေ ပင်နယ်တီမရခဲ့တဲ့ ဖြစ်ရပ်လည်း ကြုံခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed