မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒိတ်ဒိတ်ကြဲ ကြယ်ပွင့် ကစားသမား ၃ ယောက်ကို ရောင်းချဖို့ တန်ဟက် စီစဉ်နေ

0

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ ကာဆီမီရို၊ ဂျာဒွန် ဆန်ချိုနှင့် ရာဖေးလ် ဗာရန်းတို့ကို ရောင်းချပြီး အသင်းကို အကြီးမားဆုံး ရှင်းထုတ်မှု ပြုလုပ်ကာ အပြောင်းအလဲတွေ လုပ်ရန် စီစဉ်ထားပါတယ်။ဒါပေမဲ့ နည်းပြ အဲရစ်တန်ဟက်ဟာ အစောပိုင်းတုန်းက ရောင်းချရန် စီစဉ်ထားခဲ့တဲ့ ယူနိုက်တက်စတားနှစ်ဦးကိုမူ စိတ်ပြောင်းကာ ရောင်းချလာဖို့ မရှိတော့ပါဘူး။ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ အိုးထရက်ဖို့ဒ်ရှိ အဝတ်အစားလဲခန်းကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း သတင်းထွက်လာပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ရန် စီစဉ်လာတာလည်း ဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြဖြစ်လာပြီးနောက် နည်းပြပါဝါကို အစွမ်းကုန် အသုံးပြုလာခဲ့သူ ဖြစ်ပြီး သူနှင့် အဆင်မပြေဖြစ်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ရှင်းထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

ခု နောက်တစ်ယောက် အနေနဲ့ တန်ဟက်ဟာ လူသိရှင်ကြား ပြဿနာတက်ခဲ့တဲ့ ဆန်ချိုကိုလည်း ပထမအသင်းမှ ဖယ်ရှားထားပြီးဖြစ်ကာ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် အသင်းမှ ထွက်ခွာခွင့်ပေးလာပါမယ်။ဖိအားများနှင့် ကြုံနေရတဲ့ အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ အပတ် စနေနေ့တုန်းက နယူးကာဆယ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်တွင်လည်း အန်တိုနီမာရှယ်နှင့် ပြဿနာတက်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် တန်ဟက် ဟာ ချဲလ်ဆီးကို ၂-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ မာရှယ်အပြင် ရက်ဖို့ဒ်ကိုပါ ပွဲထွက်လူစာရင်းမှ ဖယ်ရှားခဲ့ပါတယ်။

The Indepedent ရဲ့ဖော်ပြမှုအရ အဲရစ်တန်ဟက်ဟာ အသင်းရဲ့ နာမည်ကြီး ကစားသမားအများစုအတွက် ကမ်းလှမ်းမှုတွေကို တံခါးဖွင့်ထားကြောင်း သိရပါတယ်။
ထိုအထဲတွင် လွန်ခဲ့တဲ့ ၁၈လကမှ ရီးရဲလ်မက်ဒရစ်မှ ပေါင်သန်း ၇၀ ဖြင့် ခေါ်ယူထားတဲ့ ကာဆီမီရို၊ ဆန်ချို နှင့် နေရာပျောက်နေတဲ့ ရာဖေးလ်ဗာရန်းတို့ ထိပ်ဆုံးမှ ပါဝင်နေပါတယ်။

တဖက်တွင် အဲရစ်တန်ဟက်ဟာ နွေရာသီတုန်းက အသင်းမှ ဖယ်ရှားရန် ကြိုးပမ်းခဲ့ပြီးမှ နောက်ပိုင်းတွင် အားကိုးရတဲ့ ကစားသမားများဖြစ်လာခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားနှင့် စကော့မက်တိုမီနေးတို့ကို ရောင်းချဖွယ် မရှိတော့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed