ဘရူနို ဖာနန်ဒက်စ်ရဲ့ မလိုအပ်ဘဲ လူချ ကစားလို့ ဂိုးပေးလိုက်ရတာတွေ ထောက်ပြသွားတဲ့ ပေါလ်စခိုးလ်
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ပေါလ်စခိုးလ် က ဂါလာတာစာရေး ၃-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ ၂ဂိုးပြတ်နဲ့ ဦးဆောင်ပြီးမှ သရေပြန်ကျခဲ့တဲ့ အတွက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်မှာ အများကြီး တာဝန်ရှိကြောင်း ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။
ဂါလာတာစာရေး ၃-၃ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အများစုက ချေပဂိုးတွေကို အလွယ်တကူ ခွင့်ပြုပေးခဲ့တဲ့ ဂိုးသမား အိုနာနာကို ပြစ်တင် ဝေဖန်နေကြပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်ကတော့ မလိုလားအပ်တဲ့ လူချကစားမှုတွေ လုပ်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်မှာလည်း ဒီသရေပွဲ အတွက် အပြစ်ရှိကြောင်း ထောက်ပြသွားခဲ့တာပါ။
ပေါလ်စခိုးလ်က – “ဘရူနို ဖာနန်ဒက်စ်က သူတို့တွေ လုပ်မိခဲ့တဲ့ အမှားတွေ အကြောင်း ပြောတာကို ကြားပါတယ်။ ဒါပေမယ့် သူကလည်း ပြိုင်ဘက်ကို ဂိုး ၂ဂိုး ခွင့်ပြုခဲ့ရတဲ့ ရူးကြောင်ကြောင် ပြစ်ဒဏ်ဘော ၂ကြိမ် လုပ်ခဲ့ပါတယ်။ သူ အပါအဝင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား အားလုံးက ဒီသရေပွဲ အတွက် တာဝန်ခံရပါလိမ့်မယ်” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ပွဲချိန် ၂၉မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ မလိုအပ်ပဲ လူချကစားမှုကြောင့် ရလာတဲ့ ပြစ်ဒဏ်ဘောကို ဇီရက်ဇ်က အကောင်းဆုံး ကန်သွင်းကာ ဂါလာတာစာရေး အတွက် ပထမချေပဂိုးကို သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၆၂မိနစ်မှာလညျး ဘရူနို ဖာနန်ဒက်စ်ရဲ့ မလိုအပ်ပဲ လူချကစားမှုရဲ့ ရလဒ်အဖြစ် ဂါလာတာစာရေးတို့ ပြစ်ဒဏ်ဘော ကန်သွင်းခွင့် ထပ်ရခဲ့ပြီး ဇီရက်ဇ်က အဆိုပါ ပြစ်ဒဏ်ဘောကို ကန်သွင်းခဲ့ရာ ယူနိုက်တက် ဂိုးသမား အိုနာနာရဲ့ ဂိုးဖမ်းပုံ မသပ်ရပ်မှုကြောင့် ဂါလာတာစာရေးတို့ ဒုတိယမြောက် ချေပဂိုးကို ထပ်မံ ရရှိခဲ့တာပါ။