ချယ်ဆီးနဲ့ ပွဲမှာ ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားတဲ့ ကိစ္စအား ဖြေရှင်းချက် ထုတ်လာတဲ့ တန်ဟက်
မနေ့ညက ချယ်ဆီးအသင်း ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အရန်ခုံ ထိုင်ခိုင်းထားတာဟာ အလှည့်ကျ စနစ်ကြောင့်ဖြစ်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ မန်ယူအသင်းကစားပုံနဲ့ အစေးမကပ်တဲ့ ကစား သမားဖြစ်နေပြီး ပြိုင်ပွဲစုံမှာ ၂ ဂိုးပဲ သွင်းထား ပါသေးတယ်။ဒါတောင်မှ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်က ပင်နယ်တီပေးကန်ခဲ့လို့ တစ်ဂိုးထပ်ရတာဖြစ်ပြီး အဲဒီလို မဟုတ်ဘူးဆိုရင်တော့ အာဆင်နယ်နဲ့ပွဲက သွင်းဂိုး တစ်ဂိုးပဲ ရမှာပါ။
အသက် ၂၆ နှစ် အရွယ် ရက်ရှ်ဖို့ဒ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ ဦးစားပေး ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ကစားပုံ မဟန် တာကြောင့် ဝေဖန်တာခံခဲ့ရပြီး ပရိသတ်အများစုဟာ ချယ်ဆီး နဲ့ပွဲမှာ ထည့်ပြီး မသုံးဖို့ တောင်းဆိုခဲ့ကြတာတွေ ရှိပါတယ်။တကယ်တမ်း ပွဲထွက်လာတော့လည်း နည်းပြတန်ဟတ်ဟာ မန်ယူတိုက်စစ်မှာ ဂါနာချို၊ ဟွိုင်လန်းနဲ့ အန်တိုနီတို့ကို တွေ့ရပါတယ်။ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ကို အရန်ခုံ ထိုင်ခိုင်းပြီး လူစားဝင်ကစားသမားအဖြစ် ကစား ခိုင်းတာဟာ ပရိသတ်တွေ တောင်းဆိုလို့ မဟုတ်ဘဲ အလှည့်ကျစနစ်ကြောင့်ဖြစ်တယ်လို့ တန်ဟတ်က ပြောပါတယ်။
” နယူးကာဆယ်နဲ့ ပွဲမှာ ကျွန်တော်တို့ အသင်းလိုက် ကစားပုံ မကောင်းခဲ့တာပါ။ ဒါကြောင့် တစ်ဦးချင်း တစ်ယောက် ချင်းကိုတော့ အပြစ်ပြောလို့ မရဘူး။ ဒါက အလှည့်ကျသုံးတဲ့ စနစ်ကြောင့် ဖြစ်တယ်။ကျွန်တော်တို့မှာ အရမ်းကို ခွန်အားကောင်းတဲ့ တိုက်စစ်စုဖွဲ့မှုရှိပြီး အားလုံး ဟာ အဆင်သင့် ဖြစ်နေရပါမယ်။ အဲဒါကို ကျွန်တော်တို့ အသင်းလိုက် လုပ်တာဖြစ်ပြီး အဝတ်လဲခန်းထဲမှာ စုစုစည်းစည်းရှိကြပါတယ်။အဲဗာတန်၊ ဂါလာတာစာရေးတို့နဲ့ ပွဲ တွေမှာဆိုရင် ကျွန်တော်တို့ အသင်းလိုက် ကစားခဲ့ကြတာပါ။ အသင်းလိုက် ခံပြီး ကစား တယ်။ စုဖွဲ့ပြီး ဖိအားပေးတယ်။ နောက်ပြီး ဘောလုံရတဲ့အခါမှာလည်း ထိထိရောက် ရောက်ကစားပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ကြတယ်။ချယ်ဆီးဟာ ဘောလုံးကစား တာ အရမ်းကောင်းတဲ့ အသင်းဗျ။
ဘောလုံးနဲ့ဆိုရင် သူတို့ဟာ သာသာယာယာလေး ပဲ။ ဒါကြောင့် ခံစစ်ကောင်းကောင်း ကစားခဲ့ရတယ်။ ” လို့ တန်ဟတ်က ချယ်ဆီးနဲ့ ပွဲအပြီး မှာ ပြောသွားခဲ့ပါတယ်။