ဒါလော့ရဲ့ စုတ်ပြတ်လွန်းတဲ့ စိတ်ဓာတ်ကို မနေနိုင်ဘဲ ထောက်ပြ ဝေဖန်လာတဲ့ ဂန်းနားဟောင်းကြီး ရိုက်

0

အာဆင်နယ် တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်စ်ကတော့ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲတုန်းက ဂိုးရှေ့လွတ်နေတဲ့ ဟွိုင်လန်းကို ဘောလုံးပေးပို့ခြင်း မရှိတဲ့ တိုက်ရိုက် ကန်သွင်းခဲ့တဲ့ မန်ယူအသင်း နောက်ခံလူ ဒါလော့ရဲ့ စိတ်ဓါတ်ကို ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။
ဘုန်းမောက်အသင်းကို ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း မန်ယူအသင်းအတွက် သွင်းဂိုးတွေ လိုအပ်လာချိန်မှာ ဒါလော့ တစ်ယောက် လူကပ်ခံထားရခြင်း မရှိတဲ့ အသင်းဖော် တိုက်စစ်မှုး ဟွိုင်လန်းကို ဘောလုံးပေးပို့ရမယ့်အစား တိုက်ရိုက် ကန်သွင်းခဲ့တာကြောင့် ဟွိုင်လန်းလည်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ဂိုးသွင်းကောင်းနေတဲ့ ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်မှာတော့ လက်ရှိ အချိန်အထိ သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ရသေးတာကြောင့် သွင်းဂိုး သွင်းယူနိုင်ဖို့ အလွန်စိတ်အားထက်သန်နေပြီး ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုး သွင်းယူနိုင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။
ရိုက်စ်က “ ဒါလော့ က ဟွိုင်လန်း ကို လူပေးမကစားပဲ တိုက်ရိုက် ကန်သွင်းခဲ့ချိန်တုန်းက မန်ယူက ဝ-၁ နဲ့ပဲ ရှုံးနိမ့် နေခဲ့တာပါ၊ တကယ်ဆိုရင်ဟွိုင်လန်း အတွက် အဲ့ဒီ အနေအထားက တကယ် အခွင့်အရေးကောင်းတစ်ခုပါပဲ။

ဒါလော့ သာ သူ့ကို ပေးခဲ့မယ်ဆိုရင် ဂိုးတောင် ရသွားနိုင်လောက်ပါတယ်၊ ကျွန်တော့်အထင်တော့ ဒါလော့ က ဟွိုင်လန်း ကို လေးစားမှု ကင်းမဲ့ခဲ့တယ်လို့ ထင်မြင်မိပါတယ်၊ ဒါက တကယ် စိတ်ပျက်စရာ အခြေအနေ တစ်ခု ဖြစ်ခဲ့သလို သိပ်မကြာခင်မှာပဲ ဘုန်းမောက်တို့ ဒုတိယမြောက်ဂိုး ထပ်သွင်းသွားခဲ့ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူ တိုက်စစ်မှုးသစ် ဟွိုင်လန်း ဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးပဲ ပွဲကစားချိန် ၇၉၈ မိနစ်အထိ ကစားခွင့် ရထားပေမယ့် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိဖို့အတွက် စောင့်ဆိုင်းနေရဆဲ အနေအထားမှာ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed