မန်ယူအသင်း အတွက် အဓိက စိုးရိမ်စရာ ဖြစ်နေတဲ့ ကစားသမား တစ်ဦးကို ဖော်ထုတ်လိုက်တဲ့ ဂိုးသမား ရှမိုက်ကယ်
မန်ချက်စတာ ယူနိုက်တက်နဲ့ ဂါလာတာစာရေး တို့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ဝင်ရောက် လာခဲ့သော်လည်း မာရှယ်က ဘာမှလုပ်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။ ပြိုင်ဘက်ရဲ့ဂိုးဧရိယာအတွင်း ဘောလုံးထိချက် ၂ ကြိမ်နှင့်တစ်ပွဲလုံး ဘောလုံးထိချက် ၁၆ ကြိမ်သာ ရရှိခဲ့တဲ့ မာရှယ်က ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ပါဘူး။မန်ယူ ဂိုးသမားဟောင်းကြီး ရှမိုက်ကယ်ကတော့ မာရှယ် ရဲ့ စွမ်းဆောင်ရည် အပေါ် အတော် စိတ်ပျက်နေပြီး အသင်း အတွက် အဓိက စိုးရိမ်မှုတစ်ခုက ဟွိုက်လန်းရဲ့နေရာတွင် မာရှယ်ကို ထည့်သွင်းလိုက်ခြင်းပဲဖြစ်ပါတယ်လို့ ရှမိုက်ကယ် က ပြောကြားလိုက်ပါတယ်။ “၂-၀ ဂိုးဖြင့် ဦးဆောင်နေတဲ့ပြီး ဒီလိုမျိုး အခိုက်အတန့်က ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ပွဲကို သတ်လိုက် သလိုပါပဲ။ တခြားအသင်းက ဝင်မလာနိုင်အောင် လုပ်ရမှာပါ။ ဘောလုံးကို ထိန်းသိမ်းပြီး အမှား မရှိအောင် လုပ်ရမှာဖြစ်သော်လည်း အမှားများခဲ့ပါတယ်”
“ဟွိုက်လန်းကို ကစားသမားလူစားလဲလိုက်တဲ့အခါ အခြားကစားသမားတွေကို ကြည့်ရမှာဖြစ်ပြီး ဖိအားတွေက များနေမှာဖြစ်ပါတယ်။တန်ဟက်ထည့်လိုက်တဲ့ မာရှယ်က ဘာမှမလုပ်နိုင်ခဲ့ပါဘူး ဒါကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အရမ်းကို ခက်ခဲသွားစေခဲ့ပါတယ်”
“ဒါက ပြိုင်ဘက်အသင်းအတွက် ဘောလုံးဖြတ်မှုတွေလုပ်ဖို့ အခွင့်အရေးတွေ အများကြီးပေးသလိုဖြစ်ပါတယ်။ ဒီလောက် ဂိုးပမာဏ သွင်းတယ်ဆိုရင် တစ်မှတ်ထက်ပိုတဲ့ အမှတ်မျိုးကို မျှော်လင့်သင့်ပါတယ်”လို့ ရှမိုက်ကယ်က ပြောပါတယ်။
ယူနိုက်တက်ရဲ့တန်ဟက်ရဲ့ လုပ်ဆောင်မှုက စိတ်မကျေနပ်ဖွယ်ရာဖြစ်ပြီး သရေကျသွားတာကတော့ ဆိုးရွား သွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်အုပ်စုတက်ရေးက ဝေဝါးသွားပြီဖြစ်ပြီး အိုနာနာကို ပွဲထွက် ကစားသမား အဖြစ် သုံးခဲ့တာက ဝေဖန်စရာဖြစ်လာပါတယ်။
ယူနိုက်တက်ရဲ့ နောက်ထပ်ပွဲစဉ်ကတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်နှင့် ကစားရမှာဖြစ်ပြီး တန်ဟက်ရဲ့ အသင်းဟာ ပထမဆုံးပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားပြီး ထိပ်ဆုံး ၄ သင်းနှင့် ၄ မှတ် ကွာဟနေပါတယ်။