ထွက်ရှိလာတဲ့ ဒီရာသီမန်ယူ ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ တက်နိုင်ခြေ ရာခိုင်နှုန်း

0

အချက်အလက် စစ်တမ်းတွေ အရ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဒီရာသီ ချန်ပီယံလိဂ်အုပ်စုကနေ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရဖို့ ဖြစ်နိုင်ခြေက ၃ ပုံ ၁ ပုံလောက်သာရှိပါတယ်။ချန်ပီယံလိဂ်(ဥရောပဖလား) ပြိုင်ပွဲသမိုင်းတစ်လျှောက် ၃ ကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက် အသင်းဟာ ဒီ ရာသီမှာတော့ ရလဒ်ဆိုးတွေနဲ့အတူ အုပ်စုနောက်ဆုံးမှာ ရပ်တည်နေရပြီး ရှုံးထွက် ၁၆ သင်းအဆင့် တက်ခွင့်ရဖို့အတွက် မနက်ဖြန်ကစားမဲ့ ဂါလာတာစာရေးနဲ့အဝေးကွင်းပွဲမှာ မဖြစ်မနေ အနိုင်ကစားရတော့မှာပါ။ဒါပေမဲ့လည်း Euro Club Index ရဲ့ ခန့်မှန်းချက်အရ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့နောက် အုပ်စု ဒုတိယအဖြစ် ရပ်တည်နိုင်ဖို့အခွင့်အရေးက ဖြစ်နိုင်ခြေ ၃၃ % သာ ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ဒီရာသီ ချန်ပီယံလိဂ် အုပ်စု ၄ ပွဲကစား၊ ၃ ပွဲအထိရှုံးခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဂါလာတာစာရေးကို သေချာပေါက် အနိုင်ကစားဖို့ လိုအပ်သလို နောက်ဆုံးပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့အိမ်ကွင်းပွဲမှာလည်း အနိုင် ၃ မှတ်ရအောင် အသည်းအသန် ရုန်းကန်ရဦးမှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်အုပ်စုတွင်းမှာ ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၄ ပွဲကစား၊ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့တာ၊ ပြိုင်ဘက်ကို ၃ ဂိုးနဲ့အထက်ဂိုးပေးခဲ့ရတဲ့ပွဲက ၃ ပွဲအထိရှိခဲ့တာ၊ အုပ်စုတွင်း ၄ ပွဲစလုံး ပယ်နယ်တီပေးခဲ့ရတာ စတဲ့ စံချိန်မှတ်တမ်းဆိုးတွေ အများကြီးပိုင်ဆိုင်ခဲ့ပါတယ်။

အဲဒါကြောင့် Euro Club Index က ယူနိုက်တက် အသင်း နောက်တစ်ဆင့်တက်နိုင်ခြေကို ၃၃ % သာ သတ်မှတ် ပေးခဲ့ပြီး ဂါလာတာစာရေးအသင်းက ၃၇ % ၊ အခုလောလောဆယ် ဂါလာတာစာရေးနဲ့ ၄ မှတ်တူ ဂိုးကွာခြားချက်အရ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ကိုပင်ဟေဂင်အသင်းကိုတော့ အုပ်စုက တက်နိုင်ဖို့ ဖြစ်နိုင်ခြေ ၃၀ % သာ သတ်မှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် Euro Club Index က ယူနိုက်တက်တို့ အုပ်စု တတိယနေရာနဲ့ ယူရိုပါလိဂ်ကို ဆင်းကစားရမဲ့ဖြစ်နိုင်ခြေက ၃၄.၄ % ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။
မန် ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၉၉၄-၉၅၊ ၂၀၀၅-၀၆၊ ၂၀၁၁-၁၂၊ ၂၀၁၅-၁၆၊ ၂၀၂၀-၂၁ ရာသီတွေမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed