ပွဲ မကစားတဲ့သူ၊ ထွက်ရမယ့်သူတွေကိုမှ လုပ်ခ အမြင့်ဆုံး ပေးထားရပြီး ငွေတွေ ဖြုန်းတီးနေရတဲ့ မန်ချက်စတာ ယူနိုက်တက်

0

မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ယခုရာသီမှာ ပွဲကစားခွင့်မရတဲ့ ကစားသမားများအတွက် ငွေများစွာ ဖြုန်းတီး နေရပါတယ်။

ယူနိုက်တက်ဟာ ၆၁ နှစ်အတွင်း အဆိုးရွားဆုံးရာသီအစနှင့် ရင်ဆိုင်နေရသလို လက်ရှိမှာလည်း ဒီတပတ် ကာဆယ်ကို ရှုံးပြီးနောက် အဆင့် ၇ နေရာသို့ ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
အသင်း ရလဒ်တွေ ခြေစွမ်းတွေ မဟန်ချိန် တဖက်တွင် အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ဒဏ်ရာပြဿနာ အမြောက်အမြားနှင့် လည်း ရင်ဆိုင်ထားရပါသေးတယ်။
မန်ချက်စတာ ယူနိုက်တက်ကစားသမားများရဲ့ လက်ရှိ လုပ်ခစာရင်း ထွက်ပေါ်လာခဲ့ရာမှာ လုပ်ခအများဆုံးရ ကစားသမား ၅ ဦးစာရင်းမှာ ၁ ဦးမှာ ပွဲကစားခွင့်မရသူ ဖြစ်ပြီး ကျန် ၂ ဦးမှာ ထွက်ခွာရမဲ့ သူများဖြစ်နေပါတယ်။

မားကပ်စ်ရက်ဖို့ဒ်က တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ဖြင့် လုပ်ခအများဆုံးရရှိတဲ့ ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ရက်ဖို့ဒ်ဟာ ယခုရာသီတွင် ယူနိုက်တက်အတွက် ဂိုးသွင်းပေးဖို့ အတော် ရုန်းကန်နေရသူ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ လုပ်ခအများဆုံးရကစာသမားများ ၅ ဦးမှ ၄ ဦးမှာ အနာဂတ်မရေမရာ ဖြစ်နေကြသူများ ဖြစ်ပါတယ်။

ရက်ဖို့ဒ်ရဲ့နောက်တွင် ကက်စ်မီရိုနှင့် ဂျာဒွန်ဆန်ချိုတို့က တစ်ပတ်လုပ်ခပေါင် ၃၅၀၀၀၀ ဖြင့် ရပ်တည်နေပါတယ်။ အဆင့် ၄ နေရာမှာ ရာဖေးလ်ဗာရန်းက တစ်ပတ်လုပ်ခပေါင် ၃၄၀၀၀၀ ဖြင့် ရပ်တည်နေပြီး အဆင့် ၅ နေရာမှာ အန်တိုနီ မာရှယ်က တစ်ပတ်လုပ်ခပေါင် ၂၅၀၀၀၀ ဖြင့် ရပ်တည်နေပါတယ်။
ကက်စ်မီရို၊ ရာဖေးလ်ဗာရန်းတို့ဟာ နွေရာသီတွင် ရောင်းချခြင်းခံရမယ်လို့ သတင်းထွက်နေကြသူများ ဖြစ်ပါတယ်။
အင်္ဂလန် တိုက်စစ်သမား ဆန်ချိုမှာလည်း အဲရစ်တန်ဟက်နှင့် ပြဿနာတက်ပြီးနောက် ယူနိုက်တက်မှ ထွက်ခွာရန် သေချာနေပါတယ်။ အန်တိုနီမာရှယ်မှာလည်း စာချုပ်သက်တမ်းကုန်ဆုံးမဲ့ နွေရာသီတွင် ထွက်ခွာရမဲ့ သူ ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed