မန်ယူ ကစားတာ ညံ့လွန်းတယ်၊ လူအင်းအားကလည်း မတောင့်ဘူးလို့ ဘုန်းမောက် ရှုံးပွဲ အပြီး နည်းပြ တန်ဟက် ပြောဆို
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကတော့ မနေ့ညက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်ယူနိုက်တက်မှာ ဆက်တိုက် ရလဒ်ကောင်းများ ရယူနိုင်ရန် လုံလောက်တဲ့ အင်အား တောင့်တင်းမှု မရှိကြောင်း ဝန်ခံလာပါတယ်။
ဘုန်းမောက် ပွဲ အရှုံးမှာ နည်းပြ အဲရစ်တန်ဟက် လက်ထက်တွင် အဆိုးရွားဆုံး အရှုံးများထဲမှ တစ်ခု ဖြစ်ပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ခြေစွမ်းမှာ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း ဆိုထားပါတယ်။ယူနိုက်တက်အနေဖြင့် ထိပ်တန်းအင်အားစု ပိုင်ဆိုင်ထားလျှင် ဆက်တိုက်ရလဒ်ကောင်း ရယူလာနိုင်မလားလို့ မေးမြန်းလာမှုကို အဲရစ်တန်ဟက်က
“အသင်းအနေနဲ့ ဆက်တိုက် ရလဒ်ကောင်း ရယူဖို့ လုံလောက်တဲ့ ကစားသမား တောင့်တင်းမှု မရှိပါဘူး။ကျွန်တော့် အနေနဲ့ စိတ်ဆိုးတယ်၊ စိတ်ပျက်တယ်။ လုံးဝ ကွဲပြားတာ တစ်ခုကို မျှော်လင့်ထားတာ။ စတင်ပုံ လုံးဝ မကောင်းဘူး။
ညံ့လွန်းတယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ဘုန်းမောက်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယခုရာသီ ၁၁ ပွဲမြောက်အထိ ရှုံးနိမ့်ထားပြီ ဖြစ်ပါတယ်။