ယူနိုက်တက်က ဘယ်တော့မှ အိပ်မောကျနေမှာ မဟုတ်ဘူးလို့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် လုဘက် အဖြစ် သတိထားဖို့ အဂွယ်ရို သတိပေး

0

မန်စီးတီး ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး အဂွယ်ရိုကတော့ သူ့ အသင်းဟောင်း စီးတီးရဲ့ ၄ ရာသီ ဆက်တိုက် ချန်ပီယံ မျှော်လင့်ချက်ကို ခြိမ်းခြောက် နိုင်မယ့် အသင်းက အာဆင်နယ်နဲ့ လီဗာပူးတို့ မဟုတ်ဘဲ မြို့ခံပြိုင်ဘက် ယူနိုက်တက် ဖြစ်မယ် လို့ ဆိုလာပါတယ်။
အဂွယ်ရို ကတော့ ချန်ပီယံစိန်ခေါ်မှုမှာ ရေပန်းမစားလှတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဘယ်တော့မှ မေ့မထားသင့်ကြောင်း ထောက်ပြခဲ့ပြီး လက်ရှိ ထိပ်ဆုံး ၄ သင်း ပြင်ပ ရောက်နေတဲ့ ကလပ်တွေထဲက နှစ်သင်းရဲ့ အန္တရာယ်ကြီးမှုကို သတိပေးခဲ့ပါတယ်။

” ဒီလို ဘောလုံးရာသီမှာ ယူနိုက်တက် က ဘယ်တော့မှ အိပ်မောကျနေမှာ မဟုတ်ပါဘူး။ သူတို့ဟာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ စိန်ခေါ်မှုကို အကြီးမားဆုံး ခြိမ်းခြောက်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းပဲ ဖြစ်ပါတယ်။ ” လို့ အဂွယ်ရိုက ပြောဆိုခဲ့ပါတယ်။လက်ရှိ အမှတ်ပေးဇယား ကို အာဆင်နယ် က ရမှတ် ၃၉ မှတ် ဖြင့် ပထမ နေရာက ဦးဆောင်ထားပြီး၊ လီဗာပူး နဲ့ ဗီလာက ၃၈ မှတ်စီနဲ့ ဒုတိယ၊ တတိယ၊ မန်စီးတီးက ၃၄ မှတ် နဲ့ တတိယ နေရာမှာ ရှိနေပါတယ်။

တော့တင်ဟမ် စပါးက ၃၃ မှတ်နဲ့ အဆင့် ၅၊ နယူးကာဆယ်က ၂၉ နဲ့ အဆင့် ၆ မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ၂၈ မှတ်နဲ့ အဆင့် ၇ မှာသာ ရှိပါတယ်။အဂွယ်ရိုကတော့ အာဆင်နယ်၊ လီဗာပူးတို့ရဲ့ ဦးဆောင်ထားမှုကို သိပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါး တို့ကို ဖလား စိန်ခေါ်ဘက်တွေအဖြစ် အလေးပေး၊ သတိပေးခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed