လာမယ့် ၅ ပွဲ အတွင်း အဖြူ အမဲ သဲကွဲတော့မယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ နည်းပြ တန်ဟက် အနာဂတ်

0

မန်ချက်စတာ ယူနိုက်တက်ဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို အရှက်တကွဲ ဂိုးပြတ် ရှုံးပြီးတဲ့နောက် နည်းပြတန်ဟက်ရဲ့ ရာထူးနဲ့ အနာဂတ်ဟာ မသေချာခြင်းတွေကို ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။မန်ချက်စတာ အခြေစိုက် သတင်းထောက် အချို့ကတော့ ကလပ်ရဲ့ လာမယ့် ပွဲစဉ် ၅ ပွဲကပဲ နည်းပြတန်ဟက်ရဲ့ ရာထူးနေရာကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ဖော်ပြလာနေပါတယ်။

ပထမဆုံးပွဲကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို အဆုံးအဖြတ်ပေးမယ့် ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ဟာ အနိုင်ရရင်တောင် ပြိုင်ဘက် ဂါလာတာစရေးနဲ့ ကိုပင်ဟေဂင်ပွဲစဉ် သရေကျဖို့ မျှော်လင့်နေရဦးမှာ ဖြစ်ပါတယ်။

ဒုတိယပွဲကတော့ အန်ဖီးမှာ သွားရောက် ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ပွဲစဉ် ဖြစ်ပါတယ်။ ၂၀၁၆ တည်းက သရဲနီတွေဟာ မာဆေးဆိုဒ်မှာ နိုင်ပွဲမရဖူးတာဖြစ်ကာ နည်းပြတန်ဟက် လက်ထက်မှာတော့ သမိုင်းဝင် ရှုံးပွဲအဖြစ် ၇-၀ ရလဒ်ထိ ဆိုးဆိုးရွားရွား အရေးနိမ့်ထားပါတယ်။တတိယပွဲက ဝက်စ်ဟမ်းအသင်းနဲ့ဖြစ်ပါတယ်။ ဒေးဗစ် မိုးယက်စ် ကိုင်တွယ်နေတဲ့ လန်ဒန်ကလပ်ဟာ ခြေစွမ်း အရမ်း မကောင်းပေမယ့် ယူနိုက်တက်ကို အန္တရာယ် ပေးနိုင်စွမ်း ရှိပါတယ်။

နောက်ထပ် တစ်ပွဲကတော့ ဒီရာသီ အသင်းကြီးတွေကို ဆက်တိုက် အနိုင်ယူလာတဲ့ အူနိုင်း အမ်မရီရဲ့ အက်စတွန် ဗီလာပဲ ဖြစ်ပါတယ်။ မန်စီးတီးကို ကျော်တက်ပြီး အမှတ်ပေးဇယား တတိယနေရာမှာ ရှိနေတဲ့ ဗီလာဟာ ဒီရာသီ ပရီးမီးယားလိဂ်ကိုတောင် စိန်ခေါ်နိုင်မယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။

ဒီ ၄ ပွဲအပြီးမှာ နည်းပြတန်ဟက်ရဲ့ အနာဂတ်ကို အကဲဖြတ်လို့ရမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်ပွဲပြီးရင်တော့ နောက်ထပ် အမှတ်ပေးပွဲ ပြန်စတင်ဖို့ ၁၄ ရက်ဝန်းကျင် စောင့်ရတော့မှာ ဖြစ်ကာ ဒါဟာ မန်နေဂျာအပြောင်းအလဲ ဖြစ်ပေါ်ဖို့ အကောင်းဆုံး အချိန်ပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed