မန်ယူ ကို ၇-ဝ နဲ့ နိုင်တယ် ဆိုတာ ဘဝမှ တစ်ကြိမ်ပဲ ကြုံဖူးမယ့် ကိစ္စမျိုး လို့ ဝန်ခံလာတဲ့ လီဗာပူး နည်းပြ ကလော့ပ်

0

ပရီးမီးယားလိဂ် သုံးသပ်သူ တော်တော်များများက ဒီရာသီမှာလည်း လီဗာပူးအသင်းက ယူနိုက်တက်ကို အေးဆေး အနိုင်ရမှာ ဖြစ်ကာ မနှစ်ကလို အရှက်တကွဲ ရလဒ်မျိုး ထပ်မထွက်လာဖို့ တန်ဟက်တို့ ဆုတောင်းနေလိမ့်မယ်လို့ လှောင်ပြောင်နေကြပါတယ်။
လီဗာပူးနည်းပြကလော့ပ်ကတော့ မနှစ်က ရလဒ်ကို ပြန်တွေးနေကြမှာထက် ဒါဟာ မဟာပြိုင်ဘက်ကို ရင်ဆိုင်ရခြင်း ဆိုတာ နားလည်ထားဖို့နဲ့ ဒီပွဲမှာ အစွမ်းကုန် ပေးဆပ်ဖို့ကိုပဲ အာရုံစိုက်ထားဖို့ သူ့အသင်းသားတွေကို သတိပေးခဲ့ပါတယ်။

ကလော့ပ်က “ ယူနိုက်တက်ကို ၇-၀ နဲ့ နိုင်လိုက်တုန်းက (မနှစ်ကရာသီ) ဒါဟာ ထူးထူးခြားခြား ရလဒ် တစ်ခုပဲ ဆိုတာကို ကျနော်တို့ သိခဲ့ပါတယ်။ ဒီရလဒ်က ဘဝမှာ တစ်ကြိမ်ပဲ ရနိုင်တဲ့ ရလဒ်မျိုး ဖြစ်ခဲ့ပါတယ်။
ဒီရလဒ်က လာမယ့်ပွဲမှာ တစ်သင်းသင်းအတွက် အကျိုးဖြစ်စေမယ်ဆိုရင် ၇-၀ နဲ့ နိုင်ခဲ့တဲ့အသင်းအတွက် မဟုတ်ဘဲ ၇-၀ နဲ့ ရှုံးခဲ့တဲ့ အသင်းအတွက်ပဲ ဖြစ်ပါလိမ့်မယ်။

ကျနော်တို့အတွက်ကတော့ ကိုယ့်ရဲ့ အိမ်ကွင်းမှာ သမိုင်းဝင် ပြိုင်ဘက်ကို ရင်ဆိုင်ပြီး ပြိုင်ဘက်နဲ့ ဘောလုံးပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ကပဲ အရေးအကြီးဆုံး ဖြစ်ပါလိမ့်မယ်။ အဲ့တာနဲ့တင် ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်နေပါပြီ။
ဒီပွဲဟာ စပယ်ရှယ်ပွဲတစ်ပွဲ ဆိုတာကို ကျနော်တို့ သိထားရမယ်။ ဒီလိုပွဲမှာ အကောင်းဆုံး ပေးဆပ်ကစားရမယ်ဆိုတာကို နားလည်ထားရမယ်။ ဒီပွဲမှာ ကျနော်တို့အတွက်တော့ ဒီတစ်ခုပဲ လိုပါတယ် ” လို့ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။

တန်ဟက် မတိုင်ခင် မန်ယူနိုက်တက်ရဲ့ နောက်ဆုံး နည်းပြ ၃ ဦးလုံးဟာ အန်ဖီးကွင်းမှာ ရှုံးနိမ့်ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ တန်ဟက် အနေနဲ့ ဒီကျိန်စာကြီးကို ကျော်လွှားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed