မန်ချက်စတာ ယူနိုက်တက် အသင်း ဘတ်စ်ကား ကို ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ပရိသတ်များအား လီဗာပူး ရှုံ့ချ၊ အရေးယူမည်

0

လီဗာပူးအသင်းဟာ မနေ့က တနင်္ဂနွေနေ့တုန်းက အန်ဖီးလ်ကွင်းသို့ လာရာ လမ်းတွင် ပြိုင်ဘက် ယူနိုက်တက် အသင်း ဘတ်စ်ကားကို ပုလင်းများဖြင့် ပစ်ပေါက်ခဲ့တဲ့ လီဗာပူးပရိသတ်များရဲ့ လုပ်ရပ်အပေါ် ရှုံ့ချလာပါတယ်။
ဒါ့အပြင် လီဗာပူးက အထက်ပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိတဲ့ ပရိသတ်အား ပြင်းထန်တဲ့ အရေးယူမှု ပြုလုပ်လာမည်ဖြစ်ကြောင်းလည်း ကြေညာချက် ထုတ်ပါတယ်။

ဆိုရှယ်မီဒီယာတွင် တက်လာတဲ့ ဗီဒီယိုဖိုင်များအရ လီဗာပူးပရိသတ်များဟာ ယူနိုက်တက်ဘတ်စ်ကား အန်ဖီးလ်ကွင်းသို့ လာရာလမ်းတွင် ကားမှန်ကို ရေပုလင်းဖြင့် ပစ်ပေါက်ခဲ့တာ တွေ့ရပါတယ်။

လီဗာပူးပရိသတ်တို့ ပြိုင်ဘက်အသင်းဘတ်စ်ကားကို ပစ်ပေါက်မှု ပြုလုပ်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ် တုန်းက မန်စီးတီးအသင်းဘတ်စ်ကားဟာ အန်ဖီးလ်သို့ ချန်ပီယံကွာတားဖိုင်နယ်ပွဲစဉ် လာကစားစဉ် တိုက်ခိုက်ခြင်းကြုံခဲ့ရပါတယ်။
လီဗာပူးအသင်းဘတ်စ်ကားမှာလည်း ၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက အီတီဟတ်တွင် ပွဲကစားပြီးအပြန် မန်စီးတီး ပရိသတ်များရဲ့ တိုက်ခိုက်မှုနှင့် ကြုံခဲ့ရပါတယ်။

လီဗာပူးဟာ မနေ့ညတုန်းက အန်ဖီးလ်ပွဲစဉ်တွင် ယူနိုက်တက်ကို အနိုင်မယူနိုင်ခဲ့ဘဲ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ယင်းပွဲသရေကျမှုကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာအား အာဆင်နယ်ကို လွှဲပြောင်းပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed