စူပါဆန်းဒေး လီဗာပူး – မန်ယူ တို့ ပွဲ က ဘယ်လို ရလဒ်မျိုး ထွက်မလဲ ကြိုတင် ဟောကိန်းထုတ်လာတဲ့ မိုက်ကယ်အိုဝင်

0

ဒီတပတ် တနင်္ဂနွေနေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်ပွဲအတွက် နှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်က ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာပါတယ်။လက်ရှိ အမှတ်ပေးဇယားမှာ ထိပ်ဆုံး ဦးဆောင်နေတဲ့ လီဗာပူးဟာ ဒီအပတ်မှာတော့ ရလဒ်တွေ မတည်ငြိမ် ဖြစ်နေတဲ့ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့နေတာပါ။

ချန်ပီယံလိဂ် ကစားထားတဲ့ မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် ကန်တဲ့ လီဗာပူးထက် ၂ ရက်လောက် အနား ပိုရထားပေမယ့် ဒီပွဲမှာ နှစ်သင်းလုံးက တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးဖို့ ရှိနေပါတယ်။

မိုက်ကယ်အိုဝင် “ လက်တလော သူတို့ရဲ့ ခြေစွမ်းတွေအရ ယူနိုက်တက်ဟာ အန်ဖီးကွင်းထံ သွားရဖို့ကို နည်းနည်း တော့ ထိတ်လန့်နေပါလိမ့်မယ်။ အန်ဖီးက တကယ်ကို အနိုင်ယူနိုင်တဲ့ ကွင်းတစ်ကွင်းဖြစ်ပြီး အတိတ်တုန်းကလည်း ဒါကို ယူနိုက်တက်တို့ ခံစားခဲ့ရပြီးပါပြီ။အန်ဖီးကွင်းကို သွားပြီး တစ်ပွဲလုံး အကြောက်တရားတွေနဲ့ ခံစစ်ပိတ်နေမှာထက် မန်စီးတီးကွင်းမှာ စပါးတို့ ဘယ်လို ယှဉ်ပြိုင် ကစားသွားခဲ့လဲ ဥပမာ ယူရမှာ ဖြစ်ပါတယ်။ စပါးက အီတီဟတ်ကွင်းမှာ အကြောက်တရား မရှိ ကစား ခဲ့ပါတယ်။

အန်ဖီးကွင်းမှာ ပိတ်နေဖို့ထက် ပြန် တုန့်ပြန်ကစားဖို့ကပဲ ယူနိုက်တက်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ကျနော်ကတော့ ယူနိုက်တက်က အန်ဖီးကွင်းမှာ ၂-၀ ရလဒ်နဲ့ ရှုံးမယ် ထင်ပါတယ်။

ဒီရလဒ်ကို ယူနိုက်တက် ကစားသမားတွေက စိတ်သက်သာရာ ရမိကြမှာပါ။ ၅-၀ လောက် အရှက်တကွဲ မရှုံးတာကိုပဲ ကျေနပ်နေပါလိမ့်မယ်။

သူတို့နေရာ ကျနော်ဆိုရင် ကျစ်ကျစ်လစ်လစ်နဲ့ ကစားဖို့ ရွေးချယ်မှာဖြစ်ပြီး ပိုကောင်းကောင်း လုပ်နိုင်ဖို့ မျှော်လင့်မှာပါ။ လီဗာပူး ၂-၀ နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။ ဒီတလော သူတို့ ကစားနေကြတဲ့ အခြေအနေတွေအတွက် လီဗာပူး သက်သောင့်သက်သာ နိုင်ဖို့ ကျိုးကြောင်းခိုင်လုံပါတယ် ” လို့ သုံးသပ်ခဲ့ပါတယ်။

မိုက်ကယ်အိုဝင် ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-၀ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed