လီဗာပူးလ်နဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် ဘယ်သူ့ကို တာဝန်ပေးမလဲ နည်းပြ တန်ဟက် ဆုံးဖြတ်ပြီးဖြစ်

0

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ မနက်ဖြန်ည လီဗာပူးလ်နဲ့ ကစားမဲ့ ပရီးမီးယားလိဂ် ပွဲကြပ်အတွက် အသင်းခေါင်းဆောင်အဖြစ် ဘယ်သူ့ကို တာဝန်ပေးသွားမလဲဆိုတာ အတည်ပြု ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ လာမဲ့ တနင်္ဂနွေ၊ မြန်မာစံတော်ချိန် ည ၁၁ နာရီကျရင် အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အဲဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဘုန်းမောက်ကို ၃-၀ ဂိုးနဲ့ရှုံးတဲ့ပွဲမှာ အဝါကတ်အပြခံရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ကြိမ်မြောက် အဝါကတ်ပြည့်သွားတဲ့အတွက် ၁ ပွဲပယ်ခံရမှာဖြစ်လို့ လီဗာပူးလ်နဲ့ပွဲမှာ မပါဝင်နိုင်ပါဘူး။အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယားကလည်း ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး ရက်အတော်ကြာအနားယူရဖို့ရှိနေတာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ ပွဲထွက်ကနေ ပါဝင်ဖို့ မသချာပါဘူး။

အဲဒါကြောင့် လီဗာပူးလ်နဲ့ပွဲမှာ ဘယ်သူက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပြီး အဲရစ်တန်ဟက်ကတော့ အဲဒီကိစ္စအတွက် ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေက လီဗာပူးလ်နဲ့ပွဲအတွက် အသင်းခေါင်းဆောင်သစ် ခန့်အပ်သွားဖို့ရှိလားဆိုပြီး မေးခွန်း ထုတ်ခဲ့တော့ အဲရစ်တန်ဟက်က“ဟုတ်ပါတယ် . .ဘယ်သူ့ကို အသင်းခေါင်းဆောင်တာဝန်ပေးမလဲဆိုတာ ကျွန်တော် ဆုံးဖြတ်ပြီးသားပါ”လို့ ပြန်ဖြေခဲ့ပါတယ်။

မက်ဂွိုင်းယားရဲ့ ဒဏ်ရာအခြေအနေနဲ့ လီဗာပူးလ်ပွဲမှာ ပါဝင်နိုင်ဖို့ရှိ၊ မရှိဆိုတဲ့မေးခွန်းကို အဲရစ်တန်ဟက်က
“မက်ဂွိုင်းယားဟာ လီဗာပူးလ်နဲ့ပွဲတင်မဟုတ်ဘဲ တခြားပွဲတွေကိုလည်း လွဲချော်ဖို့ရှိပါတယ်။ ဒါပေမဲ့ အကြာကြီးတော့ အနားယူရဖို့ မရှိပါဘူး။ လုခ်ရှောက ဒီနေ့မနက်ပိုင်းမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနိုင်ပြီဖြစ်တာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ ပါဝင်ကစား နိုင်မယ်လို့ထင်ပါတယ်။

ရပ်ရှ်ဖို့ဒ်လည်း ပါဝင်ကစားနိုင်ဖြစ်ပေမဲ့ မာစီယဲလ်ကတော့ ပါဝင်နိုင်ဖို့ မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်မှာ အုပ်စုနောက်ဆုံးအဖြစ် ပြိုင်ပွဲက အရှက်တကွဲ ထွက်ခဲ့ရတဲ့အတွက် အဲရစ်တန်ဟက် ဖိအားများနေပြီး လာမဲ့ လီဗာပူးလ်နဲ့ပွဲမှာ မနှစ်ကလို ၇-၀ ဂိုးပြတ်ရလဒ်မျိုး ထပ်ဖြစ်လာမယ် ဆိုရင်တော့ အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်နည်းပြဘ၀ အနာဂတ်က မသေချာနိုင်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed