မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တစ်ဦးကြောင့် သူတို့ အသင်း ခံစားသွားခဲ့ရကြောင်း အေတီကို တိုက်စစ်မှုး ဂရဇ်စမန်း ထုတ်ဖော် ပြောဆို
အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှုး ဂရဇ်စမန်း က အိမ်ကွင်းမှာ ၃-၃ သရေကျခဲ့တဲ့ ပွဲအတွင်း သူတို့ကို နာကျင်စေခဲ့တဲ့ ပြိုင်ဘက် ဂီတာဖေးအသင်း တိုက်စစ်မှူး ဂရင်းဝုဒ်ကို အသိအမှတ် ချီးကျူးမှု ပြုလုပ်သွားပါတယ်။ ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်ပြီး ဂီတာဖေးမှာ အငှား ကစားနေတာပါ။
ပွဲချိန် ၃၈ မိနစ်မှာ ဆာဗစ် အထုတ်ပယ်ခံခဲ့ရပြီး ၁၀ ယောက်ကျန်ဖြင့် ယှဉ်ပြိုင်ခဲ့ရတဲ့ အေတီကိုတို့ဟာ ၃-၁ ဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၈၇ နဲ့ မိနစ် ၉၀ နောက်ပိုင်းတွေမှာ ခြေပဂိုးတွေ ပြန်ပေးခဲ့ရတာပါ။ ဂိုးမသွင်းခဲ့ပေမယ့် ဂရင်းဝုဒ်က အေတီကိုဘက်ကို အတော်လေး ဒုက္ခတွေ ပေးခဲ့ပါတယ်။ဂရစ်ဇမန်းက ” တကယ်ကို စိတ်ပျက်စရာပါဗျာ၊ ၁၀ ယောက်တည်းနဲ့ ကျနော်တို့ အကောင်းဆုံး ကြိုးစားခဲ့တာပါ။ ဆာဗစ်က ဖောင်း ၂ ကြိမ် လုပ်ခဲ့ပြီး အဝါကဒ် ၂ ကြိမ်ပြခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။
ပွဲအဆုံးထိ တောင့်ခံထားခဲ့ပေမယ့် ဂရင်းဝုဒ်က ကျနော်တို့ကို အတော်လေး နာကျင်စေခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ သူ့ကို ကျနော်တို့ လုံးဝ မရပ်တန့်နိုင်ခဲ့ပါဘူး။ နောက်ဆုံး မိနစ်တွေမှာ ဂိုး ၂ ဂိုး ပေးလိုက်ရပါတယ် ” လို့ မှတ်ချက်ပေး ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ အသင်းတွင်း သဘောတူညီမှု ရဖို့ ခက်တာကြောင့် ဂရင်းဝုဒ်ဟာ ဂီတာဖေးမှာ အငှား လာရောက် ကစားနေရတာပါ။
လက်ရှိမှာတော့ ဂရင်းဝုဒ်က လာလီဂါကလပ်မှာ ခြေစွမ်းကောင်းတွေ ပြသနေသူဖြစ်ပြီး ဂီတာဖေးဘက်ကတော့ သူ့ကို ယူနိုက်တက်ကနေ အပြီး ခေါ်ယူဖို့ထိပါ စိတ်အား ထက်သန်နေတာ ဖြစ်ပါတယ်။