ဂိုးဘယ်လိုသွင်းလဲ မသိရအောင် စုတ်ပြတ်သတ်နေတဲ့ တန်ဟက်တို့ကို ပညာပြသွားခဲ့တဲ့ ဝက်စ်ဟမ်း

0

စနေအစောပိုင်း ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အိမ်ရှင် ဝက်စ်ဟမ်းအသင်းက ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရရှိခဲ့ကြပါတယ်။
ဒီပွဲ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခြေစွမ်းက ညံ့ဖျင်းနေတာ မဟုတ်ဘဲ ဘောလုံးပိုင်ဆိုင်မှု ရခဲ့သလို ကွင်းလယ်မှာ လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီ မြင်နေကျ ယူနိုက်တက်ရဲ့ ပုံစံတွေအတိုင်း final third ထဲမှာတော့ အဆိပ်မရှိတဲ့ သာမာန်အသင်းသာသာ ခြေစွမ်းပဲ ရှိခဲ့ပါတယ်။

ဂနာချို၊ ဟွိုင်လန်း၊ အန်တိုနီတို့ ဦးဆောင်လာခဲ့တဲ့ ယူနိုက်တက် တိုက်စစ်ဟာ ဒီနေ့ပွဲမှာ ဘာဖန်တီးနိုင်စွမ်းမှ မရှိခဲ့ဘဲ ဧရိယာထဲ ဝင်ရောက်ဖို့ ကြိုးစားရင်း အချိန်ကုန်နေခဲ့ရတယ်။ ဝက်စ်ဟမ်းဘက်က ပါကွီတာ၊ ဝါ့ဒ်ပရောက်စ်တို့ကတော့ အခွင့်အရေး ဖန်တီးမှုကို ရှင်းလင်းစွာနဲ့ ထိရောက်စွာ လုပ်ပြနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး သိပ်မကြာခင် တန်ဟက်က ဟွိုက်လန်းကိုထုတ်ပြီး ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့ပေမယ့် ယူနိုက်တက်တိုက်စစ်က ထူးပြီးကောင်းလာခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ ဝက်စ်ဟမ်းတို့အတွက် ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန်၇၂ မိနစ်မှာ ပါကွီတာရဲ့ အကွက်မြင်မြင် မတင်ပေးမှုကနေ ဘိုဝင်ကပဲ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ခြေပဂိုး ပြန်ယူဖို့ အာရုံစိုက်နေရတဲ့ အခိုက်အတန်မှာပဲ ကွင်းလယ်လူ မိုင်နူးရဲ့ ကွင်းလယ်ခံစစ်နေရာက ဘောလုံးရယူမှု ပေါ့ဆချက်မှတစ်ဆင့် ကူဒက်စ်က ဆွဲပြေးသွားပြီး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်း မိနစ်တွေမှာ ယူနိုက်တက်က ဂိုးရဖို့ ကြိုးစားနိုင်ခဲ့ခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က အန်ဖီးကွင်းမှာ လီဗာပူးရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းကွင်းမှာတော့ မယ်မယ်ရရ ဖန်တီးမှုတွေ၊ အားထုတ်မှုတွေ မရှိခဲ့ကာ ထိုက်တန်စွာဘဲ အရှုံးရလဒ်ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed