ရာထူးက ထုတ်ခံရတော့မယ့် နည်းပြ စာရင်းမှာ ထိပ်ဆုံးကနေ ရေပန်းအစားဆုံးနဲ့ ဦးဆောင်နေတဲ့ အဲရစ်တန်ဟက်

0

မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟက် ဟာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြအဖြစ် ဘွန်ကီဒိုင်တွေရဲ့ အလေးပေးမှုမှာ ဦးဆောင်နေပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ၄ ပွဲ ဆက် ဂိုးပေါက် ပျောက်နေသလို ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၂-၀ ဖြင့် အရေးနိမ့်ခြင်းဟာ ဒီရာသီ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ရှုံးပွဲ ၈ ပွဲထိ ရင်ဆိုင်ရခြင်း ဖြစ်လာပါတယ်။
မကြာခင်မှာတော့ ယူနိုက်တက် ကို အပြောင်းအလဲကြီးတွေ လုပ်ချင်နေတဲ့ ရှယ်ယာရှင်သစ် ဆာရက်ကလစ် ကြောင့် တန်ဟက်ရဲ့ အနာဂတ်ကို ထည့်သွင်း စဉ်းစားကြဖွယ် ရှိနေပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစော ထွက်ခွာခဲ့ရပြီး တန်ဟက်ရဲ့ အနာဂတ် မရေရာမှုတွေ ရှိလာပေမယ့် လီဗာပူးကို သရေကျခဲ့တာကြောင့် နည်းပြ ထိုင်ခုံမှာ ဆက်ရှိနေခဲ့တာပါ။

ဒါပေမယ့် မျှော်လင့်ချက်မဲ့တဲ့ ဝက်စ်ဟမ်း ရှုံးပွဲအပြီးမှာ သူဟာ ရာထူးက ထုတ်ခံရဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နေပြီလို့ ပေါက်ကြေးတွေ ဖွင့်လာနေတာပါ။
မကြာခင် ရာထူးက ထုတ်ပယ်ခံရဖို့ ရေပန်းစားသူများနဲ့ အလေးပေးမှုတွေကတော့ အောက်ပါ အတိုင်းပါ။
* အဲရစ်တန်ဟက် – ၁၇/၂၀
* ရွိုင်ဟော့ဆန် – ၅/၁
* ကွန်ပနီ – ၁၁/၁

ယူနိုက်တက်ပရိသတ် အချို့ကတော့ နည်းပြတန်ဟက်ကို ဂယ်ရီနဗီး ဗလန်စီယာကို ကိုင်တွယ်တဲ့ 2015–2016 ကာလနဲ့ နှိုင်းယှဉ်ပြိုင်မှုတွေပါ လုပ်လာနေတယ်။ ဂယ်ရီနဗီးဟာ ဗလန်စီယာ သမိုင်းမှာ အညံ့ဆုံး နည်းပြအဖြစ် ဝေဖန်ခံ ရမှုနဲ့အတူ ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။

သရဲနီတွေကတော့ ” တန်ဟက်က ဒီရာသီ ၂၆ ပွဲကိုင် ၁၃ ပွဲရှုံး၊ ရထားတဲ့ ဂိုးက ၃၃ ဂိုး ပေးထားရတဲ့ ဂိုးက ၄၁ နော်။ ဂယ်ရီနဗီး ဗလန်စီယာမှာတုန်းက ၂၈ ပွဲကိုင် ၁၁ ပွဲရှုံး၊ ရတဲ့ ဂိုးက ၃၉ ဂိုး ပေးထားရတဲ့ ဂိုးက ၃၈။ ” ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှနေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed