မန်ယူအသင်းက ကျားနာခဲခဲကာ ပြန် တုန့်ပြန်လာမှာ ကိုစိုးရိမ်နေကြောင်း လီဗာပူးနည်းပြ ကလော့ပ် ပြောဆို

0

လီဗာပူး အသင်း နည်းပြ ယာဂင်ကလော့ပ်က ဒီ တနင်္ဂနွေနေ့ည၊ အန်ဖီးလ်သို့ လာရောက်ကစားမဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းနှင့် ရလဒ်ပိုင်းဆိုးရွားနေပေမဲ့ စိုးရိမ်စရာကောင်းတဲ့အနေအထားတွင် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။မန်ချက်စတာ ယူနိုက်တက်ဟာ မတ်လတုန်းက အန်ဖီးလ်တွင် ဆုံတွေ့စဉ်တုန်းက လီဗာပူးကို ၇-၀ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိမှာလည်း ယူနိုက်တက်ဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်တွင် ၂၄ ပွဲကစားထားရာမှာ ၁၂ ပွဲအထိ ရှုံးနိမ့်ထားပြီး ခါရာဘောင်ဖလား၊ ချန်ပီယံလိဂ်ဖလားတို့မှ ထွက်ခွာထားရပြီး ဖြစ်ပါတယ်။အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အိုးထရက်ဖို့ဒ်တွင် လီဗာပူးကို ၂-၁ ဖြင့် အနိုင် ယူနိုင်ခဲ့ပေမဲ့လည်း နောက်ဆုံး ၅ ကြိမ်တွေ့ဆုံရာမှာ ၄ ကြိမ်ရှုံးနိမ့်ထားပြီး ၂၁ ဂိုးအထိ ပေးထားရပါတယ်။

ဒါပေမဲ့ ကလော့ပ်က “ကျွန်တော်တို့နဲ့ မကစားမီ ယူနိုက်တက်တို့ အကောင်းဆုံးပုံစံမှာ မရှိဘူးလို့ ခေါင်းကြီးပိုင်းက ရေးနေကြတာကို မကြိုက်ပါဘူး။ တကယ်က ဒီလိုပွဲတွေက အားလုံးအစစ အရာရာအကောင်းဆုံးပြင်ဆင်ထားရမဲ့ပွဲမျိုး ဖြစ်ပါတယ်။ယူနိုက်တက်မှာ ဘာပြဿနာရှိနေသလဲ ကျွန်တော် အနီးကပ်မလေ့လာပါဘူး။ ဒါပေမဲ့ အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့လတုန်းက တစ်လတာအကောင်းဆုံးနည်းပြဆုကို ရယူခဲ့တဲ့သူပါ။ ပြီးခဲ့တဲ့လတုန်းက သူတို့ဟာ လိုအပ်တဲ့ ရလဒ်အားလုံး ရယူခဲ့တယ်။

ဒါကို မေ့ထားလို့ မရပါဘူး။ ၇-၀ ရလဒ်ဆိုတာကလည်း တစ်ဘဝမှာ တစ်ခါဘဲ ကြုံတောင့်ကြုံခဲရလဒ်ပါ။ ဒီရလဒ်က အထောက်အပံ့ဖြစ်လာတယ်ဆိုရင်လည်း ၇-၀ နဲ့ ရှုံးတဲ့အသင်းအပေါ်မှာဘဲ အထောက်အပံ့ ဖြစ်လာစေမှာပါ။ ၇-၀ နဲ့ နိုင်တဲ့အသင်းကို အထောက်အပံ့မဖြစ်လာပါဘူး”လို့ ပြောကြားသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed