အကျိုးမရှိတာတွေ လိုက် ဝေဖန်မနေကြဖို့ ဖာဒီနန်တို့ သရဲနီဟောင်း အုပ်စုအား အန်တိုနီ ပြောပြီ

0

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီကတော့ ၎င်းတို့ကို ပြစ်တင်ဝေဖန်နေတဲ့ မန်ယူအသင်း ဂန္တဝင် ကစားသမားဟောင်းကြီးတွေအား ပြန်လည် ပြစ်တင်သွားခဲ့ပါတယ်။ဘောလုံးစီစဉ်တင်ဆက်သူတွေအဖြစ် လုပ်ကိုင်နေကြတဲ့ ပေါလ်စခိုး၊ ဖာဒီနန်၊ ဂယ်ရီနဗီးလ် တို့ဟာ အမြဲလိုလို လက်ရှိ မန်ယူအသင်းသားတွေရဲ့ အားနည်းချက်တွေကို ဝေဖန်ထောက်ပြနေကြပြီး ပြီးခဲ့တဲ့ ဂါလာတာစာရေးနဲ့ ပွဲအပြီးမှာ တော်တော်လေးကို ပစ်ပစ်နှစ်နှစ် ဝေဖန်ခဲ့ကြပါတယ်။

အဆိုပါ ဝေဖန်မှုတွေကို လက်ရှိ အသင်း ကစားသမားတွေအားလုံး ကြိုက်နှစ်သက်ကြခြင်း မရှိသလို ယခု တစ်ခေါက်မှာတော့ အန်တီနီကပါ အသင်းအပေါ် တည်ဆောက်မှု မဖြစ်စေတဲ့ ဝေဖန်မှုတွေ မပြုလုပ်ကြဖို့ ဖာဒီနန်တို့အဖွဲ့ကို သတိပေးသွားပါတယ်။အန်တိုနီက “ လက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ကို အသင်းကစားသမားဟောင်းတွေနဲ့ မီဒီယာတွေက ဝေဖန်တို က်ခိုက်နေကြပါတယ်၊ သူတို့ရဲ့ ထင်မြင်သုံးသပ်ချက်တွေက အသင်း ပရိသတ်များစွာအပေါ် အကျိုးသက်ရောက်မှု ဖြစ်ထွန်းစေနိုင်သလို ကျွန်တော်တို့ ကွင်းထဲ ဝင်မကစားတဲ့ ပွဲတွေမှာတောင် ကျွန်တော်တို့က ဝေဖန်ခံနေကြရပါတယ်။

ကျွန်တော်ကတော့ တစ်ခါမှ ကျွန်တော်တို့အပေါ် အကျိုးရှိစေတဲ့ ဝေဖန်မှုမျိုးကို မကြုံခဲ့ရဖူးပါဘူး၊ ဒီလူတွေ ဘာ့ကြောင့် ကျွန်တော်တို့အပေါ် မညှာမတာ ဝေဖန်နေကြသလဲဆိုတာကို သိချင်နေမိပါတယ်၊ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။အန်တိုနီဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ဆယ်ပွဲ ပါဝင် ကစားခွင့် ရရှိထားပြီး သွင်းဂိုး တစ်ဂိုးမှ မသွင်း ယူနိုင်သေးသလို ဖန်တီးမှုလည်း တစ်ကြိမ်မှ မပြုလုပ်နိုင်သေးပဲ ချန်ပီယံလိဂ်မှာလည်း ၂ ပွဲ ပါဝင်ကစားခွင့် ရရှိထားပြီး အလားတူ ဘာမှ လုပ်မပြနိုင်သေးတာကြောင့် ဖာဒီနန်တို့အဖွဲ့တွေက ပေါင် ၈၅ သန်းတန် တောင်ပံ တိုက်စစ် ကစားသမားကို ပြစ်တင်ဝေဖန်နေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed