ပရီးမီးယားလိဂ်သွင်းဂိုးတွေ ဆက်ပြီး သွင်းဦးမယ် ဆိုတဲ့ မန်ယူ တိုက်စစ်မှုးသစ် ဟွိုင်လန်း ရဲ့ ပွဲပြီးစကားသံ

0

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အက်စတွန်ဗီလာအသင်းကို ၃ – ၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟွိုင်လန်းက နောက်ထပ်သွင်းဂိုးတွေ ထပ်ပြီးသွင်းယူနိုင်ဖို့ မျှော်လင့်နေပြီ လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အတ္တလန်တာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဟွိုင်လန်း ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်တာကြောင့် ဝေဖန်မှုတွေခံခဲ့ရတာပါ။

ဒီလို ဝေဖန်စောင့်ကြည့်မှုတွေကို ဟွိုင်လန်းဟာ အက်စတွန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဟွိုင်လန်း က “အခုအချိန်မှာ ကျနော်ဟာ အပျော်ရွှင်ဆုံး လူသားပါပဲ။ ပရီးမီးယားလိဂ်သွင်းဂိုး ရဖို့ အချိန် စောင့်ဆိုင်း ခဲ့ရပေမယ့် ကျနော် ပျော်ရွှင်ပါတယ်။

ကျနော်ရဲ့အောင်ပွဲခံပုံကို ကြည့်ရင် ဘယ်လောက် ပျော်နေလဲ ဆိုတာ ခင်ဗျားတို့မြင်တွေ့ရမှာပါ။ ကျနော်တို့ဟာ နောက်ဆုံးအ ချိန်ထိ ယုံကြည်မှု ရှိခဲ့ပြီး စရိုက်လက္ခဏာတွေကိုလည်း ပြသခဲ့ပါတယ်။ နောက်ထပ် ဂိုးတွေ ထပ်ပြီးသွင်းယူနိုင်ဖို့ မျှော်လင့်တယ်” လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အခု လာမယ့်ပွဲစဉ် မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed