မန်ယူက ကပ်ဆိုက်နေတာ မဟုတ်ဘူး၊ လမ်းကြောင်းမှန်ပေါ်မှာ ရှိတယ်လို့ ချယ်ဆီးနိုင်ပွဲ အပြီး နည်းပြ တန်ဟက် ကြွေးကြော်

0

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် က မနေ့ညက ချယ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ သူ့ အသင်းက ကပ်ဆိုက်နေတာမျိုး မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ချယ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီနိုင်ပွဲက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ နောက်ဆုံး (၃) ပွဲမှာ ပထမဆုံးသော နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက် အတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို တော်မီနေးက သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပါးလ်မားက သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ယူနိုက်တက် အဝတ်လဲခန်းအတွင်း ကပ်ဆိုက်နေပြီ၊ ကစားသမားတွေနဲ့နည်းပြတွေအကြား ပြဿနာဖြစ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီသတင်းတွေကို နည်းပြ တန်ဟက် က ငြင်းဆန်ခဲ့ပြီး ယူနိုက်တက်ကလည်း ဖွသတင်းရေးခဲ့တဲ့ မီဒီယာတွေကို သတင်းစာရှင်းလင်းပွဲတက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ တန်ဟက် က “ အသင်းက ကပ်ဆိုက်နေတာတဲ့လား၊ ကျွန်တော်တို့အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က အေးအေးဆေးဆေးရှိပါတယ်။ လိုချင်တဲ့ပုံစံကို တည်ဆောက်နေပြီး မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုကို သွားနေပါတယ်။ ဝေဖန်သံတွေကြောင့် အနှောင့်အယှက်ဖြစ်လို့ မရပါဘူး”

“ကျွန်တော်တို့က လွယ်လွယ်လေးနဲ့ မကျေနပ်နိုင်သလို ပျော်လည်း မပျော်နိုင်ပါဘူး။ ပိုကောင်းအောင် အမြဲတမ်း လုပ်ချင် နေတာပါ။ အောင်မြင်မှုရချင်တယ်ဆိုရင် ကျွန်တော်တို့ အများကြီး တိုးတက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအသင်းက အောင်မြင်မှုတွေရဖို့ စွမ်းဆောင်နိုင်စွမ်းရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed