မက်ဂွိုင်းယား၊ ဗာရမ်း တို့ အပါဝင် မန်ယူကနေ နည်းပြ တန်ဟက် ကန်ထုတ်ရမယ့် ကစားသမား ၁ဝ ဦး အား ရွိုင်ကိန်း ရွေးထုတ်

0

မန်ယူ ဂန္တဝင် ကစားသမားကြီး ရွိုင်ကိန်း ကတော့ လာမယ့်နွေရာသီမှာ အသင်းကို စွန့်ခွာသင့်တဲ့ ကစားသမား အနည်းဆုံး ၁၀ ဦးအထိ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ရွိုင်ကိန်း က တန်ဟက်ရဲ့ လူစာရင်းထဲက ကစားသမား
အများအပြားဟာ ကောင်းသင့်သလောက် မကောင်းမွန်ဘူးလို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးကလည်း Stick to Football Podcast မှာ လက်ရှိလူစာရင်းထဲက ကစားသမားတွေအားလုံးနီးပါးကို ရောင်းထုတ်ဖို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကိန်း ကတော့ လက်ရှိ လူစာရင်းထဲက ထိန်းသိမ်းရမယ့်သူ၊ နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရမယ့်သူ၊ ကန်ထုတ်ရမယ့်သူဆိုပြီး အမျိုးအစားခွဲခြားပေးခဲ့တာဖြစ်ပါတယ်။
ရွိုင်ကိန်း ရဲ့ ကန်ထုတ်ရမယ့် စာရင်းထဲမှာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ဗာရမ်း၊ ၊ ဒါလော့တ်၊ အီဗန်စ်၊ ခရစ္စရှန် အဲရစ်ဆင်၊ အန်တိုနီ၊ မာစီယယ်လ်၊ ဆန်ချိုတို့ ပါဝင်နေပြီး နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရမယ့်စာရင်းထဲမှာ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ အမ်မရာဘတ်ကလည်း တန်ဟက်ရဲ့ လူစာရင်းထဲမှာ တစ်နေရာ မရသင့်တဲ့သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။

နောက်ဆုံးအခွင့်အရေးပေးပြီး စောင့်ကြည်ရမယ့်စာရင်းထဲမှာတော့ အိုနာနာ၊ လုခ်ရှော၊ ဘစ်ဆာကာ၊ မက်တော်မီနေးတို့ ပါဝင်နေတာဖြစ်ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ကာလရှည်အနာဂတ်ကိုတော့ ရွိုင်ကိန်း က ပြောဖို့ တွန့်ဆုတ် နေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မားကပ်စ်နဲ့ပတ်သက်ပြီး မသေချာဘူး။ သူ့မှာရှိတဲ့အရာအားလုံး။ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားတယ်။ သူက အရည်အချင်းရှိတဲ့ကစားသမားပါ။ ဒါပေမယ့် ခင်ဗျား ပြင်းပြင်းထန်ထန် အလုပ်မကြိုးစားဘူးဆိုရင် အခုလိုမျိုး ခြေစွမ်းကျဆင်းမှုတွေက အခုလည်းဖြစ်မယ်၊ နောင်လည်းဖြစ်နေဦးမှာပဲ။

သူ့ရဲ့ယုံကြည်ချက်နဲ့ပတ်သက်ပြီး အားလုံးပြောနေကြတယ်။ ကွင်းပြင်ပကိစ္စတွေကြောင့်လည်း ပါတယ်။ သူက အပတ်တိုင်း အသင်းကိုလာပြီး အလုပ်လုပ်နေရုံပဲ။ မားကပ်စ်က အသက် ၂၆ ပဲ ရှိသေးတယ်။ သူ့အတွက် ဘယ်အချိန်မှာမှ အသိတရားရမှာလဲ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed